Pages

Tuesday, November 13, 2012

Access Denied Page တစ်ချို့ ကို ကျော်ဖွင့်ကြည့်ကြရအောင်

ပိတ်ထားတဲ့ ဝက်ဆိုဒ် တစ်ချို့ ကို ဒီနည်းလေး နဲ့ ကျော်ဖွင့်မယ်နော်...
ဒီနည်းလေးကတော့အဆင်ပြေတယ်လို့ ထောက်ခံတဲ့သူရှိပါတယ်
မနေ့ ညကပေးလိုက်တာ ဒီနေ့ တော့ကျော်လို့ ရနေပြီတဲ့.. ကဲစမ်းကြည့်ကြရအောင်။

https://addons.mozilla.org/en-US/firefox/addon/phzilla/
အပေါ်က Link ကိုနှိပ်..ပွင့်လာရင် Add to Firefox ကိုနှိပ်
Download Now ကိုနှိပ် Install ကိုဆက်နှိပ်ပြီးရင်တော့
အားလုံးပိတ်လိုက်Firefox ကိုအစကပြန်ဖွင့်ကြည့်။ ညာဘက်
အောက်ထောင့်မှာ အပြာရောင် P ပုံလေးပေါ်နေလိမ့်မယ်။
ကိုယ်ဖွင့်တဲ့ဆိုဒ်က Access Denied Page ပေါ်ရင် အဲ့ဒီ့ P လေးနှိပ်
ပေးလိုက်။ ပွင့်လာတယ်တဲ့... ကဲ!!! ထောက်ခံတဲ့သူရှိနေပြီဆိုတော့
မြန်မာပြည်က သူငယ်ချင်းတွေစမ်းကြည့်ကြနော်.. ပုံပြင်လေးက
တော့ဒါပါပဲ။ သူများနည်းကို ကိုယ့်ဟန်နဲ့ ပြန်ရေးပြတာပါ ဘယ်က
ကူးလာမှန်း မသိတော့လို့ ပါနော်..။
မှတ်ချက်.... Access Denied Page တိုင်းအတွက်တော့ အာမ မခံနိုင်ပါဘူး။ ပိတ်ထားတဲ့ နည်းပညာ အပေါ်မှာလည်း အများကြီး မူတည်နေတဲ့ အတွက် ပိတ်ထား
တဲ့ page အားလုံး ရနိုင်တယ် လို့ မဆိုလိုပါ။ တစ်ချို့ page တွေကိုတော့ ကျော်ဖွင့်လို့ ရနေတယ် လို့ ထောက်ခံထားတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်
တော့ ရှိပါတယ်။ သူ ကိုယ်တိုင်စမ်းကြည့်ဖူးတယ် ဆိုပဲ....။
ပိတ်ထားသော web page များကိုမှ လေ့လာချင်ကြသော ချစ်သူငယ်ချင်းများ အားလုံး အဆင်ပြေကြပါစေ လို့ ဆန္ဒပြုလျက်...

No comments:

Post a Comment